Cheap Adobe Captivate 5 OEM
Overnight Viagra
Photoshop Cs6 Sale
Buy Adobe FreeHand MX for Mac Cheap
Cheap Mac Os X 10.7 Lion
Buy FreeHand MX
Buy Windows Xp Online
Buy Microsoft Project Standard 2013
Price Windows Xp
Used Software Programs
Download Microsoft Windows 7 Ultimate OEM
Buy Adobe InDesign CS5.5
Discount AutoCAD Revit MEP
TOT FC အသင်းနှင့် ခြေစမ်းပွဲသည် ရာသီကြိုပြင်ဆင်မှုများအတွက် အထောက်အကူပြုနိုင်မည်
Saturday, 15 December 2012 04:23

TOT FC အသင်းနှင့် ခြေစမ်းပွဲသည် မိမိတို့အသင်း၏ ရာသီကြိုပြင်ဆင်မှုများအတွက် ကြီးစွာသော အထောက်အကူဖြစ်စေလိမ့်မည်ဟု ကမ္ဘောဇအသင်း နည်းပြချုပ် ဆီဗာဂျီက ယုံကြည်လျက်ရှိသည်။

ကမ္ဘောဇအသင်းသည် (၁၈-၁၂-၁၂)ရက်နေ့တွင် ရန်ကုန်မြို့ရှိ YTC ကွင်း၌ ထိုင်းပရီးမီးယားလိဂ်ကလပ် TOT FC အသင်းနှင့် ရာသီကြို ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။

“TOT FC နဲ့ ခြေစမ်းမယ့်ပွဲဟာ ကျွန်တော်အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုအတွက် တကယ်ကို အထောက်အကူဖြစ်စေမှာပါ။ သူတို့ဟာ ထိုင်းပရီးမီယားလိဂ်မှာ ထိပ်သီးအသင်းတစ်သင်းမဟုတ်ပေမယ့်လည်း ကျွန်တော်တို့ကစားသမားတွေအနေနဲ့ ဒေသတွင်း ပရော်ဖက်ရှင်နယ်ကလပ်အသင်းတွေရဲ့ မတူညီတဲ့ ဘောလုံးဒဿနတွေကို လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီခြေစမ်းပွဲမှာ လာမယ့်ရာသီသစ်အတွက် ပြည်တွင်းကစားသမားတွေရဲ့ အနေအထားကို ကောင်းကောင်းလေ့လာနိုင်မှာပါ”ဟု နည်းပြချုပ်က kbzfc.com သို့ ထုတ်ဖော်ဖွင့်ဟခဲ့သည်။

ကွင်းဝင်ကြေးအခမဲ့ဖြင့်ပြသမည့် အဆိုပါခြေစမ်းပွဲအား ဘရာဇီးကွင်းလယ်ဖန်တီးရှင် နူးနက်စ်နှင့် ဂါနာနောက်တန်းကစားသမား ဟန်ဆန်တို့ လွဲချော်ကြမည်ဖြစ်သည်။ အဆိုပါ ကစားသမား(၂)ဦးသည် ရှမ်းပြည်တောင်ပိုင်းကိုယ်စားပြုအသင်းနှင့် ကန်ထရိုက်စာချုပ်သက်တမ်းတိုးရန် သဘောတူညီပြီးဖြစ်သော်လည်း ရမည့်ရက်သတ္တပတ်မှသာ မြန်မာနိုင်ငံသို့ ရောက်ရှိကြမည်ဖြစ်သည်။ TOT FC အသင်းနှင့် ခြေစမ်းမည့်ပွဲတွင် ဘရာဇီးကွင်းလယ်အဖျက်ကစားသမား ဂျူနီယာနှင့်အတူ အသစ်ခေါ်ယူစမ်းသပ်မည့် ဂျပန်တိုက်စစ်မှူး ဆာတိုရှီအိုတိုမို ပါဝင်ကစားမည်ဖြစ်သည်။

TOT FC အသင်းသည် (၁၈-၁၂-၁၂)ရက်နေ့၊ ညနေ(၃း၃၀)နာရီတွင် ကမ္ဘောဇအသင်းနှင့် ခြေစမ်းပြီးနောက်၊ (၁၉-၁၂-၁၂)ရက်နေ့၊ ညနေ(၃း၃၀)နာရီ၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားမည်ဖြစ်သည်။