Cheap After Effects CS6 for Mac OEM
Real Cheap Viagra
Windows 7 Discount
Buy Used Software
Buy Microsoft Windows 7 Ultimate
Buy Fontographer 5 for Mac
Office 2011 Mac Download
Best Buy Windows 7
Cheap Adobe Cs5 Master Collection Mac
Cheap Sony Sound Forge 10
Download AutoCad MEP 2012 OEM
Buy Microsoft Project 2013 Pro
Discount Inventor Publisher
ကံကြမ္မာကို ယိုးမယ်ဖွဲ့မည်မဟုတ်ဟု နည်းပြချုပ် ပြောကြား
Sunday, 06 January 2013 00:12

မထင်မှတ်သော အရှုံးအတွက် ကံကြမ္မာကို ယိုးမယ်ဖွဲ့မည်မဟုတ်ဘဲ လာမည့်ပွဲစဉ်များတွင် ရလဒ်ကောင်းမွန်အောင် ကြိုးစားမည်ဟု ကမ္ဘောဇအသင်းနည်းပြချုပ် ဆီဗာဂျီက ပြောကြားသည်။

 

ကမ္ဘောဇအသင်းသည် MNL Myanmar 2013 အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်း၌ ဆောက်သမ်းမြန်မာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မထင်မှတ်ဘဲ(၀-၁)ဂိုးဖြင့် အရေးနိမ့်သွားခဲ့သည်။ ဆောက်သမ်းမြန်မာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရဲအောင်က ပွဲချိန်(၆)မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။

ဆီဗာဂျီက ပွဲစပြီး(၆)မိနစ်တွင် မထင်မှတ်သောအခြေအနေတစ်ရပ်မှ ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း မိမိတို့ ပြန်လာနိုင်လိမ့်မည်ဟု ယုံကြည်မိခဲ့ကြောင်း ဖွင့်ဟသည်။ ``ပွဲချိန် (၆)မိနစ်မှာ ဦးဆောင် ဂိုးပေးခဲ့ရပေမယ့် လက်ကျန်အချိန်တွေမှာ ကျွန်တော်တို့အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့မိပါတယ်။ ကျွန်တော့်ရဲ့ ယုံကြည်ချက်ဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းဟာ ပြိုင်ဘက် အသင်းရဲ့ ဂိုးပေါက်ကို အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ကစားသမားတွေရဲ့ ကန်သွင်းချက်တွေဟာ ဂိုးဘားတန်းကို(၄)ကြိမ် ထိခဲ့သလို၊ ပြိုင်ဘက်ဂိုးသမားကလည်း အံ့သြဖွယ် အစွမ်းပြကာကွယ်မှု(၆)ကြိမ်လောက်ပြုလုပ်သွားခဲ့တယ်။ ကျွန်တော်တို့အတွက် ကံမကောင်းတဲ့ နေ့တစ်နေ့လို့ ဆိုနိုင်ပေမယ့် ကံကြမ္မာကို ယိုးမယ်မဖွဲ့လိုပါဘူး။ နောက်လာမယ့်ပွဲတွေမှာ အကောင်းဆုံးပုံစံနဲ့ ရလဒ်ကောင်းတွေ ရရှိဖို့ အရေးကြီးပါတယ်´´ဟု နည်းပြချုပ်က ဆိုသည်။

အရေးပါသော ရာသီ အဖွင့်ပွဲတွင် ပွဲထွက် လူစာရင်း၌ ဟန်ဝင်းအောင်၊ ကျော်ဇေယျာဝင်း၊ သိန်းသန်းဝင်း အစရှိသော ကစားသမားများအား အသုံးမပြုဘဲ အရန်ခုံတွင် ထိုင်ခိုင်းခဲ့ခြင်းနှင့်ပတ်သတ်၍လည်း ဆီဗာဂျီက ရှင်းလင်းပြောဆိုခဲ့သည်။``ကျွန်တော်ဟာ ဒီအသင်းရဲ့အနိုင်၊ အရှုံးကို အစစအရာရာ တာဝန်ယူရတဲ့သူတစ်ယောက်အနေနဲ့ အင်အားအတောင့်တင်းဆုံးအသင်းနဲ့ ပွဲထွက်ပြီး၊ ပွဲတိုင်းအနိုင်ရချင်ပါတယ်။ ကစားသမားတွေကို ခင်းကျင်းနေရာချရာမှာလည်း လေ့ကျင့်ကွင်းမှာ စွမ်းဆောင်မှုကောင်းတဲ့၊ ကြံ့ခိုင်မှုကောင်းတဲ့ ကစားသမားတွေကို ပွဲထုတ်ခဲ့တာပါ။ ကျွန်တော်တို့ အသင်းမှာ ကစားသမား(၂၅)ယောက် မှတ်ပုံတင်ထားပါတယ်။ ဒီ(၂၅)ယောက်ကို တစ်ရာသီလုံးမှာ လိုအပ်သလို အသုံးပြုသွားမှာပါ´´ဟု နည်းပြချုပ်က kbzfc.com သို့ ပြောကြားခဲ့သည်။ ကမ္ဘောဇအသင်းသည် လာမည့်ပွဲစဉ်တွင် မနောမြေအက်ဖ်စီ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။