Cheap Avid Media Composer 6 for Mac OEM
Viagra Online
Cialis 20mg
Purchase Mac Os X 10.6
Download AutoCAD 2013 OEM
Buy Media Composer 6
Discount Sound Forge 10
ဂိုးများ သွင်းယူပေး နိုင်သည့်တိုင် မိမိ၏ ခြေစွမ်းကို အားမရသေး ဟု နူးနက်စ် ဆို
Sunday, 27 January 2013 22:15

အလွတ် တည်ကန်ဘောများမှ တစ်ဆင့် အသင်းအတွက် အရေးပါသော ဂိုးများ သွင်းယူ ပေးနိုင်သည့် အတိုင် ယခုရာသီ မိမိ၏ ခြေစွမ်းအပေါ် အားရမှု မရှိသေးကြောင်း ကမ္ဘောဇ အသင်း၏ ကွင်းလယ် ကစားသမား နူးနက်စ်က kbzfc.com သို့ ဖွင့်ဟပြောကြားသည်။

 

ကမ္ဘောဇ အသင်းသည် MNL Myanmar 2013 ပွဲစဉ်(၄)အဖြစ် (၂၇-၁-၁၃)ရက်နေ့က ဧရာဝတီယူနိုက်တက်အသင်းအား (၃-၀)ဂိုးဖြင့် အနိုင် ရရှိခဲ့ရာ၌ နူးနက်စ်က ဗွေဆော်ဦး ဂိုးကို အလွတ် တည်ကန်ဘောမှ သွင်းယူပေးခဲ့သည်။ ပွဲချိန်(၂)မိနစ်၌ သွင်းယူခဲ့သော နူးနက်စ်၏ Free kick သည် ယခုရာသီ ၄င်း၏ တတိယမြောက်ဂိုးဖြစ်လာခဲ့ပြီး၊ (၃)ဂိုးစလုံးကို အလွတ် တည်ကန်ဘောများမှပင် သွင်းယူခဲ့ခြင်းဖြစ်သည်။ နူးနက်စ်သည် ယခု MNL ဘောလုံးရာသီအတွင်း ကမ္ဘောဇအသင်း ဂိုးသွင်းသောပွဲတိုင်း ဂိုးရရှိသူ အဖြစ်လည်း မှတ်တမ်းဝင်လျက် ရှိသည်။

``အလွတ်တည်ကန်ဘောတွေကနေ အသင်းအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းယူနိုင်ပေမယ့်လည်း လက်ရှိ ကျွန်တော့်ရဲ့ ခြေစွမ်းအပေါ် အားမရသေးပါဘူး။ ကျွန်တော့်အနေနဲ့ ဒီထက်ပိုပြီး၊ စွမ်းဆောင်နိုင်သင့်တယ်လို့ ထင်ပါတယ်´´ဟု အဆိုပါ ဘရာဇီးကွင်းလယ်ကစားသမားက ပြောသည်။

ဆက်လက်၍ နူးနက်စ်က မိမိတို့အသင်းသည် ရာသီ အစတွင် ရလဒ်ပိုင်း အတိမ်းအစောင်းများကြောင့် ယုံကြည်မှုပိုင်း အနည်းငယ် ပျောက်ဆုံးခဲ့သော်လည်း ယခုအခါ နိုင်ပွဲများ ပြန်လည်ရရှိခဲ့ခြင်းနှင့် အတူ ယုံကြည်မှုပိုင်း၊ ခြေစွမ်းပိုင်း ပုံမှန် အတိုင်းပြန်လည် ရရှိခဲ့ပြီဟု ဆိုသည်။ ဧရာဝတီ ယူနိုက်တက်အသင်းအား အနိုင်ရှိခဲ့သောပွဲတွင် အနိုင်ဂိုးများကို နူးနက်စ်၊ ကျော်ဇေယျာဝင်းနှင့် စိုးမင်းဦးတို့က သွင်းယူပေးခဲ့သည်။

``ရာသီ အစပိုင်းမှာ ကျွန်တော်တို့အသင်း မမျှော်လင့်တဲ့ ရလဒ်တွေကြောင့် ယုံကြည်မှုပျောက်ဆုံးမလိုဖြစ်ခဲ့ရပါတယ်။ အခု အချိန်မှတော့ ကျွန်တော်တို့အသင်းဟာ နိုင်ပွဲတွေနဲ့အတူ အကောင်းဆုံးခြေစွမ်းကို ပြန်လည်ရရှိနေပြီလို့ ထင်ပါတယ်။ ဧရာဝတီ အသင်းနဲ့ပွဲမှာ အသင်းသားအားလုံးရာနှုန်းပြည့် ကြိုးစားကစားခဲ့ကြပြီး၊ အိမ်ကွင်းပရိသတ်တွေရဲ့ ရှေ့မှာ အသင်းရဲ့ ခြေစွမ်းအမှန်၊ စိတ်ဓါတ်အမှန်ကို ပြသနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်´´ဟု ပြောဆိုခဲ့သည်။

နူးနက်စ်သည် ၂၀၁၂ ဘောလုံး ရာသီအစတွင် ကမ္ဘောဇ အသင်းသို့ ရောက်ရှိလာပြီး၊ ပြီးခဲ့သည့်ဘောလုံးရာသီ၌ ပြိုင်ပွဲ အရပ်ရပ်သွင်းဂိုး (၁၉)ဂိုးသွင်း ယူခဲ့သည့်အနက် အလွတ်တည်ကန်ဘောများမှ တစ်ဆင့်သွင်းယူခဲ့သည့်ဂိုးအရေအတွက်မှာ (၉)ဂိုးအထိ ရှိခဲ့သည်။