Cheap Adobe Flash Builder 4.5 Premium OEM
Viagra New York
Natural Levitra
Buy Adobe Creative Suite 5 Master Collection Mac
Download MS Word 2013 OEM
Buy Corel Ventura 10
Discount The Foundry Nuke 6 for Mac
ဟံသာဝတီယူနိုက်တက်အား အနိုင်ယူ၍ အမှတ်ပေးဇယားတတိယနေရာတွင် ဆက်လက်ရပ်တည်
Sunday, 10 February 2013 09:24

MNL Myanmar 2013 ပွဲစဉ်(၅)အဖြစ် ကမ္ဘောဇ အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ရှမ်းပြည်တောင်ပိုင်းကိုယ်စားပြုအသင်းက (၀-၄)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

 

ကမ္ဘောဇ အသင်းအတွက် အနိုင် ဂိုးများကို အင်ယွန်းဆောင်(၁၀ မိနစ်)၊ နူးနက်စ်(၆၄ မိနစ်)၊ စိုးမင်းဦး(၇၈ မိနစ်)နှင့် သိန်းသန်းဝင်း(မိနစ် ၉၀)တို့က သွင်းယူခဲ့ကြသည်။

ကမ္ဘောဇအသင်းသည် ဧရာဝတီယူနိုက်တက်အသင်းအား အနိုင်ရရှိခဲ့သည့် လူစာရင်းတွင် ဘယ်စွန်နောက်ခံလူနေရာ၌ ဥာဏလွင်အစား ဟန်ဝင်းအောင်ကို ထည့်သွင်းအသုံးပြုခဲ့သည်။ သို့ဖြစ်ရာ ယခုပွဲသည် ဟန်ဝင်းအောင်အတွက် ယခုရာသီ ပထမဆုံးပွဲဦးထွက်ဖြစ်လာခဲ့သည်။

``ဟန်ဝင်းအောင်ဟာ ဒီရာသီမှာ ပွဲထွက်ကစားခွင့်မရရှိခဲ့ပေမယ့် ဒီပွဲမှာ သူ့ရဲ့ကစားပုံနဲ့ ခြေစွမ်းက ကျွန်တော့်ကို ပျော်ရွှင်စေခဲ့ပါတယ်။ ဥာဏလွင်နဲ့ သိန်းသန်းဝင်းတို့က လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေခဲ့လို့ ပွဲပန်းနေတဲ့အချိန်မှာ ကျွန်တော်က ဟန်ဝင်းအောင်ကို ဘယ်အစွန်ခံစစ်မှာ အသုံးပြုခဲ့တာပါ။ ဒီအသင်းခေါင်းဆောင်ဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း ကြိုးစားနေခဲ့တဲ့ ကစားသမားပါ´´ဟု နည်းပြချုပ်ဆီဗာဂျီက ပွဲအပြီးတွင်ပြောသည်။

ယခုပွဲတွင် တောင်ကိုရီးယားတိုက်စစ်မှူးအင်ယွန်းဆောင်က ၄င်း၏ MNL ပထမဆုံးဂိုးကို သွင်းယူခဲ့ပြီး၊ ဘရာဇီးကွင်းလယ်ကစားသမား နူးနက်စ်ကလည်း ယခုရာသီ ၄င်း၏ စတုတ္ထမြောက်ဂိုးကို သွင်းယူခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး စိုးမင်းဦး ၄င်း၏ ယခုရာသီတတိယမြောက်MNL သွင်းဂိုးကို သွင်းယူခဲ့သည်။

``ကျွန်တော်တို့အသင်းရဲ့ ဒီနေ့ပွဲကစားပုံကို သိပ်အားမရပေမယ့် ကောင်းမွန်တဲ့ အဆုံးသတ်တွေနဲ့ တိုက်စစ်မှာ ဂိုးတွေသွင်းပြီး၊ ခံစစ်ကြောင်းက ပေးဂိုးမရှိခဲ့လို့ ကျေနပ်ရပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ခံစစ်ကြောင်းဟာ (၃)ပွဲဆက်တိုက် ပေးဂိုးမရှိခဲ့သလို၊ တိုက်စစ်ကလည်း (၃)့ပွဲမှာ (၉)ဂိုးသွင်းထားတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မှတ်တမ်းတွေထက် သာလွန်ခဲ့ပါတယ်´´ဟု စင်္ကာပူလူမျိုးနည်းဗျူဟာသမားက kbzfc.com သို့ ပြောကြားခဲ့သည်။

ဆက်လက်၍ ၄င်းကပင် မိမိတို့အသင်းသည် ရာသီအစပိုင်း၌ ရလဒ်ပိုင်းအတိမ်းအစောင်းများ ရှိခဲ့သော်လည်း ယခုအခါ အမှတ်ပေးဇယားထိပ်မှ ရန်ကုန်ယူနိုက်တက်အသင်းနှင့် (၂)မှတ်အကွာသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ယခု MNL ပထမအကျော့တွင် မိမိ၏ ဦးတည်ချက်မှာ အမှတ်ပေးဇယား ထိပ်မှ အသင်းများနှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းစေရေးပင်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

ကမ္ဘောဇအသင်ုးသည် MNL Myanmar 2013 ပွဲစဉ်(၅)အပြီးတွင် ရမှတ်(၁၀)မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာရပ်တည်နေပြီး၊ အမှတ်ပေးဇယားထိပ်မှ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ်(၁၂)မှတ်ရရှိထားသည်။